Calvary Burmese Church

ကရာနီမြန်မာအသင်းတော်

တောင်ပေါ်တရားတော်၏နောက်ခံ (၁)

၁။ ခြုံငုံလေ့လာခြင်း။
၆၆ အုပ်ရှိသော “သမ္မာကျမ်းစာ” အားလုံး၏ အခြေခံ ပင်ရင်းသည် သခင်ယေရှု သာလျှင်ဖြစ်သည်။  ဓမ္မဟောင်းမှ ဦးတည်ရေးသားသည်မှာ ယေရှုဖြစ်ပြီး၊ ဓမ္မသစ်ကျမ်း  ပေါ်ပေါက်ခြင်း သည်လည်း ယေရှုကြောင့်သာလျှင်ဖြစ်သည်။ သို့ဖြစ်၍ ခစ်ယာန်ဘာသာနှင့် သခင်ယေရှု၏ အလိုတော်သိရှိနိုင်ရန် သမ္မာကျမ်းစာမှ သခင်ယေရှု၏ သွန်သင်သော အချက်များ ပြည့်စုံစွာသိရှိဖို့ရန် အရင်ဦးဆုံးလိုအပ်ပါသည်။

ဓမ္မသစ်ကျမ်းမှ သခင်ယေရှု၏ မိန့်မှာချက်များကို “၀မ်းမြောက်ဖွယ်သတင်းကောင်း” ဟူသောကျမ်းလေးအုပ်၌ တွေ့နိုင်သည်။ ဤကျမ်းလေးအုပ်သည် သခင်ယေရှုအားကယ်တင်ရှင်အဖြစ် လူမျိုးတကာမှ လက်ခံနိုင်ရန် ဦးတည်ရေးသာခြင်းဖြစ်သည်။ ရှင်မဿဲသည် အေဒီ ၇၀-၈၀ ခန့်က ယုဒလူမျိုးများ အတွက် ရည်စူးပြီး၊ ရေးသား ရခြင်းဖြစ်သည်။ ယုဒလူမျိုးများသည် ရှေးပဝေသဏီ မှစ၍ မျှော်လင့်စောင့်စားသည်။ ယုဒလူမျိုးများ ဘ၀မြှင့်တင်ပေးမည့်သူ ကယ်တင်ရှင် မေရှိယ ယခု ရောက်လာပြီဟု လက်ခံနိုင်စေရန် အလို့ငှာ ရေးသားရခြင်း ဖြစ်သည်။ ယုဒလူမျိုးများသည် ဤကဲ့သို့ မျှော်လင့်ချက်ရှိသော်ငြားလည်း မေရှိယ တကယ်ရောက်ရှိလာသော အခါ လက်မခံနိုင်ကြချေ။ အကြောင်းမှာ သူတို့ မျှော်လင့်သော မေရှိယသည် ရာထူးဌာနန္တနှင့် ဂုဏ်အသရေနှင့် ကြွလာမည်ဟု ယူဆကြသော်လည်း “အစေခံမေရှိယ” အသွင်ဖြင့် ကြွလာသောကြောင့်ပင်။ ယေရုရှလင် မြို့ရှိ နန်းတော်၌ မမွေးဖွား၊ ဗက်လင်မြို့ နွားစားခွက်၌ မွေးဖွားသောကြောင့် သူတို့မျှော်လင့်တောင့်တနေသော မေရှိယ ဖြစ်ကြောင်းကို မယုံနိုင်ကြပေ။

ရှင်မဿဲသည် ယုဒလူမျိုးများအတွက် ဦးတည်ရည်ရွယ်ပြီး ရေးသားခြင်းဖြစ်ပေသည်။ ရှင်မာကု (အေဒီ ၇၀-၈၀) နှင့် ရှင်လုကာ (အေဒီ ၈၀) တို့မူကား ဟေလသ လူများအတွက် ဦးတည် ရည်ရွယ်ပြီးရေးသားခြင်းဖြစ်ပေသည်။ မယုံကြည်သူ ဟေလသ လူမျိုးများက သခင်ယေရှုအား ကယ်တင်ရှင် အဖြစ် လက်ခံနိုင်ရန် ရည်ရွယ်၍ ရေးသားခြင်းဖြစ်ပေသည်။ ၀မ်းမြောက်ဘွယ်သတင်ထဲ၌ ရှင်မာကုသည် အရင်ဆုံးရေးသားသူဖြစ်ပြီး၊ ရှင်မဿဲ နှင့် ရှင်လုကာတို့သည် ရှင်မာကုရေးသားချက်များအပေါ် ကိုးကား၍ ရေးသားခြင်းဖြစ်သည်။

ရှင်ယောဟန်သည် (အေဒီ ၁၀၀) ခန့်က ဂရိပညာရှင်များ အတွက် ရည်စူးရေးသားရခြင်းဖြစ်သည်။ ဂရိလူမျိုးများ က အရာရာသည် နှုတ်ကပတ်တော်မှ စတင်သည်ဟု ခံယူကြသည် (ယေ ၁း၁-၄)။ ထိုနှုတ်ကပတ်တော်သည် လူဖြစ်လာပြီး (ယေ ၁း၁၄) သူသည် ခရစ်တော်ဖြစ်သည်။ ဤသို့ဖြင့် ဂရိ ဒဿနိက ပညာမှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းသွားသည်။

ဝမ်းမြောက်ဖွယ် သတင်းလေးအုပ်ကို နှစ်မျိုးနှစ်စား ခွဲခြားထားပါသည်။ ဤသို့ ခွဲခြားရာတွင် ယေရှု အကြောင်း ရေးသားပုံနှင့် ယေရှု အပေါ်ရှုမြင်ပုံ၌ တည်နေသည်။ ရှင်မဿဲ၊ ရှင်မာကု နှင့် ရှင်လုကာတို့ က သခင်ယေရငသည် လူ့ဇာတိခံယူကာ လူစင်စစ်ဖြစ်ကြောင်း၊ ဦးတည်ပါသည်။ သို့ဖြစ်၍ ဤ သုံးအုပ်ကို “အမြင်ခြင်းတူသော ၀မ်းမြောက်ဖွယ်သတင်းများ” (Synoptic Gospels) ဟုခေါ်ပါသည်။ ယေရှုဘာလဲ ဆိုသည့် အချက်ကို အဓိကထားသည်။ ရှင်ယောဟန်မူကား သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း ကို အဓိကထား၍ ပြုစုထားသောကြောင့် “၀ိညာဉ်တော်၏၀မ်းမြောက်ဖွယ်သတင်း” (Spiritual Gospels) ဟုခေါ်ပါသည်။ ယေရှုဘာလဲ ဆိုခြင်းထက် ယေရှုသည် မည်သူနည်း ဆိုသည့် အချက်ကို အဓိကထားပါသည်။ ဤ၀မ်းမြောက်ဖွယ် သတင်းလေးအုပ်သည် သခင်ယေရှု၏ ဆောင်ရွက်မှုကို သုံးမျိုးဖြင့်ဖော်ပြထားပါသည်။ ဤသုံးမျိုးမှာ

၁။ ၀မ်းမြောက်ဖွယ်သတင်းဟောကြားခြင်း (Preaching)
၂။ သင်ကြားပြသခြင်း (Teaching)
၃။ အနာရောဂါငြိမ်းစေခြင်း (Healing)

ဤစာအုပ်တွင် ပါဝင်သော တောင်ပေါ်တရားတော်သည် သင်ကြားခြင်းဘာသာတွင် ပါဝင်ပြီး၊ ရှေးအခါမှ စ၍ “တောင်ပေါ်တရားတော်” (Sermon on the mount) ဟု ခေါ်ဆိုပါသည်။

၂။ တောင်ပေါ်ဒေသနာပေါ်ပေါက်လာခြင်း
တောင်ပေါ်တရားတော်သည် ရှင်မဿဲ ခရစ်ဝင် အခန်းကြီး ၅ မှ ၇ ထဲ၌ စုစည်းရေးသားထားပါသည်။ သို့ရာတွင် ရှင်လုကာ၌မူကား အခန်းကြီး ၆၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄ နှင့် ၁၆ များတွင် ပြန်လည်တွေ့ရပြီး၊ ရှင်လုကာ အခန်းကြီး ၆၊ ငယ် ၂၀-၄၉ ၌ တစ်ချို့ စုစည်းရေးသားထားပါသည်။ ဤ နေရာတါင် တောင်ပေါ်၌ မဟုတ်ပဲ၊ မြေပြန့်၌ ဟောကြားသော ကြောင့် “မြေပြန့်ဒေသနာ” (Sermon on the plain) ဟုဆိုနိုင်ပါသည်။ သို့တိုင်အောင် ရှင်မဿဲ၏ ရေးသားချက်အရ တောင်ပေါ်တရားတော်ဟု နားလည်သိရှိရခြင်းဖြစ်သည်။ တောင်ပေါ်တစ်နေရာ၌ တစ်ထိုင်တည်း ဟောပြောဟန်မတူပါ။ ဤသို့ဆိုရာ၌ အံ့သြယုံမှားရန် မဟုတ်။ ရှင်မဿဲ မှစုစည်းရေးသားခြင်း မျှသာဖြစ်ပြီး၊ ကျေးဇူးတော်ချီးမွမ်းဖို့သာလျှင်ဖြစ်သည်။

တောင်ပေါ်ဒေသနာ၏ရေးသားဟန်
တောင်ပေါ်ဒေသနာ၏ရေးသားဟန်မှာ –
(၁) သီချင်းစပ်ဆိုသကဲ့သို့ ရေးသားသည်။ ရှေးယုဒ လူမျိုးများ၏ ရေးနည်း တစ်ရပ်ဖြစ်သည် အစပိုင်းနှင့်အဆုံးပိုင်း လိုက်လျောညီထွေဖြစ်အောင် ရေးလေ့ရှိသည်။ ပထမစာကြောင်းကို ဒုတိယစာကြောင်းက ထပ်ဆင့်ဖော်ပြသည်။ ဤကဲ့သို့ ပြိုင်တူ ရေးသားနည်းကို (Rhyming) ရေးနည်း ဟုခေါ်သည်။ ဓမ္မဟောင်း ကျမ်းကို လေ့လာသောအခါ လိုက်ဖက်ညီသော သီချင်းနှင့် ဆန့်ကျင်ဖက်ဖြစ်သော ယှဉ်ပြိုင်ရေးသားနည်း Parallelism ကိုလည်းတွေ့နိုင်သည်။

“မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေကို ကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့် လုပ်သော အရာများ ပြသ၏” (ဆာ ၁၉း၁)။
“သားလိမ္မာသည် ဖခင်ဝမ်းသာစေပြီး၊ မိုက်သောသားသည် မိခင်ဝမ်းနည်းစေသည်” (သု ၁၀း၁)။

ဤရေးသားနည်းများ အနက် အထက်ဖော်ပြပါ ဆာလံ ၁၉း၁ သည် ထပ်ဆင်ဖော်ပြရေးသားနည်းဖြစ်ပြီး၊ သုတ္တံ ၁၀း၁ သည် ပထမစာကြောင်းကို ပေါ်လွင်စေအောင် ဆန့်ကျင်ယှဉ်ပြိုင်သော အကြောင်းအရာနှင့် တွဲ၍ ဖော်ပြခြင်းဖြစ်သည်။ “တောင်ပေါ်တရားတော်၌လည်း ဤကဲ့သို့ ရေးသားခြင်းမျိုးတွေ့ရှိနိုင်ပါသည်”

“ဖြူစင်သောအရာများကို ခွေးကို မပေးကြနှင့်၊ ပုလဲ ရတနာကို ၀က်ရှေ့မှာ မချထားကြနှင့်” (မဿဲ ၇း၆)။
“ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသော အသီးကို သီးတတ်၏” (မဿဲ ၇း၁၇)။

ဖော်ပြပါကျမ်းချက်များမှာ နမူနာဖော်ပြခြင်းသာဖြစ်ပြီး၊ တောင်ပေါ်တရားတော်တစ်ခုလုံးသည်လည်း ဤကဲ့သို့ လိုက်ဖက်ညီစွာ ပြိုင်တူရေးသားခြင်းမျိုး အသုံးပြုပါသည်။ သခင်ယေရှု သင်ပေးထားသော် “ဆုတောင်းခြင်း” ၌လည်း ဤကဲ့သို့ ရေးနည်းမျိုးတွေ့ရပါသည်။
(၂) တောင်ပေါ်တရားတော်ကို မရိုးနိုင်ခြင်း၏ အကြာင်းရင်တစ်ရပ်မှာ မျက်စိနှင့် တွေ့မြင်ရသကဲ့သို့ ရုပ်လုံးပေါ်အောင် ရေးသားထားခြင်းဖြစ်သည်။ တောင်ထိပ်၌တည်သော မြို့ကို မကွယ်နိုင်။ မျက်စိကား ကိုယ်၏ ဆီမီးအလင်းဖြစ်၏။ ကိုယ်မျက်စိတံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏ မျက်စိရှေ့၌ရှိသော ငြှောင့်ငယ်ကို ထုတ်ပါရစေ ဟုရေးသားခြင်း၊ သဲပေါ်နှင့် ကျောက်ပေါ်၌ အိမ်ဆောက်သူ နှစ်ဦး၏ ဥပမာဖြင့် ရေးသားခြင်းတို့သည် စက္ခုအာရုံ နှင့် မြင်ရသကဲ့သို့ ခံစားစေရန် ရေးသားထားပါသည်။

ယခုအခါ ဖော်ပြချက်သည် နမူနာသာဖြစ်၍ တောင်ပေါ်တရားတော် တစ်ခုလုံးဖတ်ရှုမှသာ ကွက်ကွက်ကွင်းကွင်း မြင်နိုင်မည်ဖြစ်သည်။ ဂရိလူမျိုးများနှင့် ယုဒလူမျိုးများတို့၏ ရေးသားဟန်ကွားခြားမှု တစ်ခုရှိသည်။ ဂရိလူမျိုးများသည် စဉ်းစားရန်သွယ်ဝိုက်၍ ရေးသားတတ်ပြီး၊ ယုဒလူမျိုးများသည် စဉ်းစားရန် မလို တိုက်ရိုက်ပေါ် လွင်အောင် ရေးသားလေ့ရှိသည်။ ဤရေးသားသောနည်းသည် အရှေ့နိုင်ငံများနှင့် အနောက်နိုင်ငံများ၏ ခြားနားမှု တစ်ရပ်ဖြစ်သည်။ အရှေ့တိုင်းပြည်များသည် ထင်ထင်ရှားရှားရေးသားတတ်ကြပြီး၊ အနောက်တိုင်းပြည်များသည် အရိပ်အမြွက်ရေးသားလေ့ရှိကြပါသည်။ မျက်မြင်ထင်ရှား မရှိသော ကောင်းကင် နိုင်ငံပင်လျှင် မြင်ယောင်မိအောင် ရေးသားနိုင်သည်။ ဤကဲ့သို့ ပိုင်နိုင်စွာရေးသားခြင်းသည် ဘုရားသခင်မှ ဖော်ပြထားခြင်းကြောင့်သာ။ မမြင်ရသေးသော ကောင်းကင်နိုင်ငံပင်လျှင် မြင်ယောင်မိစေနိုင်ပါသည်။

(၃) မရိုးနိုင်သော အခြားရေးသားခြင်းတစ်ရပ်မှာ စကားပုံကဲ့သို့ ရေးသားခြင်းဖြစ်သည်။ ယုဒ လူမျိုးများသည် လည်း မြန်မာလူမျိုးများနည်းတူ တစ်ခုခုကို ရှည်ရှည်ဝေးဝေး ပြောမည့်အစား စကားပုံနှင့် ထည့်ပြောသောအခါ အနည်းငယ် ပိုလေ့ရှိပါသည်။ တောင်ပေါ်တရားတော်၌ “မျက်စိထုတ်ပစ်ခြင်းအကြောင်း” နှင့် “လက်ဖြတ်ပစ်ခြင်း အကြောင်း” (မဿဲ ၅း၂၉-၃၀)၊ ဖော်ပြသောအခါ တစ်သဝေမတိမ်း လိုက်နာရန် မဟုတ်ပါ။ မျက်စိထုတ်ပစ်သည့် တိုင်အောင် စုံစမ်းနှောင့်ယှက်ခြင်း၊ အပြစ်ပြုလုပ်ခြင်းမှ ရပ်နားသွားမည် မဟုတ်ပါ။ ကျန်တစ်ဖက်နှင်လည်း ပြစ်မှား နိုင်ပါသေးသည်။ သို့ဖြစ်၍ တစ်သဝေမတိမ်း လိုက်နာရန် မဟုတ်၊ မကောင်းကြောင်း၊ ဆင်ခြင်စရာဖြစ်သည့် အကြောင်း ပုံသာဓကနှင့် ခိုင်းနှိုင်း ပြောဖြင်းသာဖြစ်သည်။

သာဓကအသုံးပြုခြင်း၊ ပိုပိုမိုမို ဖော်ပြခြင်းနှင့် ပတ်သက်၍ အချက်နှစ်ချက်ဖော်ပြလိုပါသည်။ တောင်ပေါ်ဒေသနာ၌ ဖော်ပြသော ကျင့်ကြံနေထိုင်လိုက်နာရမည့် စေခိုင်းချက်တစ်ချို့နှင့် အမြဲစောင့်ထိန်းလိုက်နာရမည့် အရာများ သိသာထင်ရှားစေရန် သာဓကနှင့် ဖော်ပြချက်တစ်ချို့တွေ့ရပါသည်။ ဤ အကြောင်းအရာနှစ်ခုကို ခွဲခြားနိုင်ဖို့ လိုပါသည်။ ဥပမာ ဖော်ပြရသော် “အဆိုးနှင့် မတုန့်ပြန်နှင့်” ဆိုသောစကားသည် အမြဲ လိုက်နာရမည့် စကားဖြစ်သည် (မဿဲ ၅း၃၉)။ သို့ရာတွင် ပေါ်လွင်ထင်ရှားစေ၍ “သင်၏ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင် တစ်ဖက်ကို လှည့်ပေးဦးလော့” ဟုပြောခြင်းသည် ချဲ့၍ပြောခြင်းဖြစ် သည်။ “သစ္စာမဆိုပါနှင့်” ဟုရေးသော အခါ “အကြောင်းအရာတစ်ခုကို သစ္စာဆိုမှ ယုံစေလို၍ မုသားမပြောနှင့်” ဟု ဆိုလိုခြင်းဖြစ်သည်။ တရားရုံး၌ သစ္စာ မဆိုရဟု ဆိုလိုခြင်း မဟုတ်ပါ။ “မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းပူးကြနှင့်” ဟုဆိုရာတွင် ကိုယ်ပိုင်ဆိုင်သော ငွေများကို ဘဏ်၌ မစုနှင့် ဟုဆိုလိုခြင်း မဟုတ်။ “သင့်စိတ်နှလုံးကို ငွေကြေး မအုပ်စိုးစေနှင့်” ဟုဆိုလိုခြင်းဖြစ်သည်။ သို့ဖြစ်၍ တွေ့သမျှ၊ မြင်သမျှ ယေရှု နှုတ်ထွက်ဖြစ်သည်ဆိုပြီး၊ တစ်သဝေမတိမ်း လိုက်နာရန် မဟုတ်ပါ။ ထာဝရလိုက်နာရမည့် အချက်များပေါ်လွင်စေရန် သာဓကနှင့် ရေးသားခြင်းဖြစ်သည်။

– ဆက်ရန် –

မှတ်ချက်။ သိက္ခာတော်ရဆရာ ဒေါက်တာဆိုင်မွန်ပေါင်ခန့်အင်း ရေးသားသော တောင်ပေါ်တရားတော် မှ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on January 26, 2012 by in Articles Bible Study, Rev. Dr. Simon Pau Khan En.

VISITORS NUMBER

  • 78,487 Since July 2011

Enter your email address to follow this blog and receive notifications of new posts by email.

Join 1,727 other followers

Hours & Info

(202) 347-8355
____________________
Sunday Worship:
1:30 PM - 4:30 PM

____________________
Home Cells:
Maryland: Fri 7:00 PM
Virginia: Mon 7:00 PM